ခေတ်မှီသူတိုင်း သူမကို ခလုတ်တိုက်ကြသည်
မြတ်
ဝတ် ဝတ်ပြန်ပြီ စား စားပြန်ပြီ သွား သွားပြန်ပြီ
ပန်းပန်တာကအစ ဒေါက်ဖိနပ်စီးတာ အဆုံး
နှုတ်ခမ်းနီ ရဲရဲဆိုးရင်တောင်မှ အကဲ့ရဲ့ မလွတ်ဘူး
စကားလေးတစ်လုံးလွဲတာနဲ့ ကွဲအောင်လုပ်မယ့်သူတွေ အဆင်သင့်
စကားနည်း ရန်စဲနေပြန်တော့ ပါးစပ်ကြီးပိတ်ထားပြန်သတဲ့
ရန်သူကို မိတ်ဆွေဖွဲ့ပြန်တော့ တကျိတ်တည်း တဉာဏ်တည်းတဲ့
မိတ်ဆွေတွေကတော့ ရန်သူလို ရန်စွယ်နဲ့ငေါငေါ
တရားတာ မတရားတာ အပထား
လက်ညှိုးအားလုံးရဲ့ ဦးတည်ရာက သူမ
ဘေးထိုင် ဘိုင်ကျ ဘုပြော ဘောမ
ခေတ်ကြီးကိုက
သူမကို ခလုတ်တိုက်မှ ခေတ်မှီတယ်ထင်တဲ့ခေတ်။ ။


Comments
Post a Comment