မန်းအပျိုမရဲ့ည
မြတ်
၁၉၉၀ ပါတ်ဝန်းကျင်တုန်းက ရွှေစက်တော်ကို ရောက်ဖြစ်တဲ့ လပြည့်ညတစ်ည ရှိခဲ့တယ်။ ရွှေစက်တော်ဘုရားပွဲဖွင့်ကာစ လူလည်းသိပ်မစည်ကားသေးတဲ့အချိန်မို့ စိတ်အေးလက်အေး အပန်းဖြေနားနေနိုင်ခဲ့တဲ့ ကာလတစ်ခုလည်းဖြစ်ခဲ့တယ်။ အဲဒီညလိုလှပုံမျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ နောက်ထပ်လည်း ထပ်မကြုံရတော့ဘူး။
ညည့်နက်လာလို့ အတူပါလာတဲ့ မိသားစုက တည်းကျောင်းထဲပြန်ဝင်ပြီး အိပ်ယာဝင်ကြပေမယ့်၊ တစ်ယောက်တည်း ဝါးတံတားပေါ်ကနေ မန်းချောင်းရေအေးအေးထဲ ခြေထောက်နှစ်ထိုင်ရင်း ညရဲ့အလှကို ခံစားနေမိတယ်။ အဲဒီအလှကို မှီအောင်ဖွဲ့နိုင်လောက်အောင် လှပတဲ့စာသား တစ်ကြောင်းတစ်လေမှ ခေါင်းထဲရောက်မလာခဲ့ဘူး။ ဒါပေမယ့် ညဟာ နှလုံးသားထဲ ယီးလေးခိုပြီး လိုက်လာခဲ့တယ်။
+++++
အပူပိုင်းခရိုင်ကိုးခုထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့ မကွေးဟာ အေးရင်လဲခိုက်ခိုက်တုန် ပူရင်လည်း နေစရာမရှိလောက်အောင်ပူတဲ့ အစွန်းရောက်ရာသီဥတုမျိုး ရှိတဲ့အရပ်ဖြစ်တယ်။ အဲဒီနွေတစ်နွေကတော့ ပူလွန်းလို့ သံမံတလင်းပေါ် လှိမ့်နေရတဲ့နွေပေါ့။
ချွေးဒီးဒီးကျလို့ ယပ်တောင်တဖျတ်ဖျတ်ခတ်နေရတဲ့ နေ့လည်ခင်းတစ်ခုမှာ ဖျတ်ကနဲ ရွှေစက်တော်ညရဲ့ အအေးဓါတ်ကို နှလုံးသားက စိမ့်ကနဲဖမ်းမိတယ်။ အပူဒဏ်ကို ရုတ်တရက်မေ့သွားပြီး စိတ်ထဲပေါ်လာတဲ့ စာသားတွေကို စာရွက်တစ်ရွက်ပေါ် အငမ်းမရ တထိုင်တည်း ချရေးမိတော့တယ်။
ညဟာ သူ့ကိုယ်မှာ ဝါးစိမ်းနံ့သုတ်လိမ်း
လေပြည်နဲ့ယိမ်းကစဉ်
လပြည့်ဝန်းကို မန်းချောင်းရေချိုးဖို့
ခပ်တိုးတိုးခွင့်ပြုခဲ့။
စမ်းချောင်းကလေးက ဝိုင်းစက်စက်လဝန်းကို
ရှည်လျားတဲ့ သူ့ဆံပင်မှာ
ပန်းတစ်ပွင့်လိုပန်ဆင်
ပျော်ရွှင်လို့။
ချောင်းရဲ့ဆံပင်ရှည်ကြား ငါးကလေးတွေတိုးဝှေ့
တရွေ့ရွေ့ရေမှာရွှင်
ခရီးအတော်တွင်ခဲ့ပြီ။
ဝါးတံတားတွေက ခါးလျားရှည်လှုပ်အိ
ချောင်းပြင်လယ်ထိရောက်အောင်
ခြေထောက်ချထိုင်ကြရင်း
ရေအလျဉ်ရဲ့ သီချင်းမှာ မှေးစင်း ငိုက်မျည်းနေ။
လရောင်နဲ့ဖြူလက်တဲ့
အထက်စက်တော်ရာ စောင်းတန်းသွယ်ဟာ
တောအုပ်တစ်ခုရဲ့လည်ဆွဲ
ရှေးကနှယ် ထည်ဝါမြဲပေါ့။
ချောင်းတစ်ဖက်တစ်ချက်မှာ လူမမာရဲ့ဦးခေါင်းတွေလို
တောင်တန်းတွေဟာ အရောင်မွဲမွဲ
ခြောက်သွေ့ကျိုးကျဲ သစ်ပင်များက
သူ့ရဲ့ဆံပင်တွေပဲဖြစ်လိမ့်။
ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံနဲ့ သစ်ပင်ခြင်း ရင်းနှီးကြစဉ်
တောမီးရောင် စိုရွှင်လို့
ညအသွင် ရုပ်လုံးကြွခဲ့။
တဲကျောင်းစီရရီက
ကျေးလက်ရဲ့ စမ်းချောင်းကလေးဘေး
ခပ်ကွေးကွေး လျောင်းစက်လို့
ပွဲတော်ညနဲ့ အိပ်မက်စဉ်
ကြည့်….
သူတကာ အိပ်မောကျကာမှ
ရွှေစက်တော်ည အလှပြင်ပြီ။ ။
အညာနွေခေါင်ခေါင်ထဲ “မန်းအပျိုမရဲ့ည” ခဏအလည်ရောက်လာခဲ့ပုံလေး အမှတ်တရ ပြန်ရေးမိခဲ့တယ်။

Comments
Post a Comment