မိစ္ဆာတွေ လိပ်ပြာနှုတ်ထားတဲ့ မြို့တော်
မြတ်
သူ့မှာ မြို့တော်အင်္ဂါရပ်နဲ့ညီတဲ့ လမ်းမကျယ်ကြီးတွေရှိတယ်
မှူးကြီးမတ်ရာတွေနေထိုင်တဲ့ ရဲတိုက်ကြီးတွေရှိတယ်
ညီလာခံသဘင် ဆင်ယင်လို့ရတဲ့ နန်းရင်ပြင်ရှိတယ်
အတွင်းကျုံး အပြင်ကျုံး အမြင်ကျုံးနဲ့ ကျုံးသုံးထပ် ကာရံထားတယ်
စိတ်ကျရောဂါရနေတဲ့ တိရစ္ဆာန်တွေ နေထိုင်တဲ့ ဆာဖါရီတစ်ခုလည်းရှိတယ်
သစ်ပင်အတုတွေ စမ်းချောင်းအတုတွေ ရေပန်းအတုတွေရှိတဲ့ ဥယျာဉ်ကြီးလည်းရှိတယ်
မြောက်ကိုရီးယားဇာတ်ကားတွေ ကြည့်ကြည့်ပြီး
အမိန့်ရမှ ရယ်ကြ ငိုကြရတဲ့ မြို့တော်သူ မြို့တော်သားတွေရှိတယ်။
လူသူလေးပါးမဲ့နေတဲ့ လမ်းမကျယ်ကြီးတွေဘေးက ပလက်ဖေါင်းပေါ်မှာ
တခါတခါ သန်းတုပ်ရင်း အတင်းလာလာပြောတတ်တဲ့
မြေသိမ်းခံ လယ်သူမတွေရှိတယ်
သူတို့ပြောတဲ့ အတင်းအဖျင်းတွေထဲမှာ
စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ ရွာသူတွေဆီ ဝင်ဝင်ပူးတတ်တဲ့ မကောင်းဆိုးဝါးတွေ အကြောင်းပါတယ်
ဂျီးဗလဗျစ်နဲ့ လက်မည်းကြီးထဲပါလာတဲ့ သန်းမကြီးတစ်ကောင်ကို အားရပါးရတုပ်ထည့်လိုက်ရင်း တစ်ယောက်က ပြောတယ်။
ဒီမြို့ က မိစ္ဆာတွေ လိပ်ပြာနှုတ်ထားတဲ့မြို့တဲ့ဟဲ့ ကောင်မရဲ့
တစ်ယောက်က တိုးတိုးလေး ပြန်ပြောတယ်။
အေးဟဲ့ ….
ဟို မိစ္ဆာဘီလူးကြီးရဲ့ ဖလ်ဗူးထဲမှာ အဲဒီလိပ်ပြာရှိတယ်တဲ့။ ။

Comments
Post a Comment