စစ်တုရင်လောင်းကြေး
မြတ်
ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင်တောင်မှ
ရင်ကြားစေ့ပေးနေအုန်းမှာပဲလား မေမေ
ဟောဒီ တောကြီးမျက်မည်းထဲက တောရိုင်းဥပဒေသတွေက
မေမေ့လက်ထဲက ချိန်ခွင်မှာ အလေး လာလာခိုးနေကြတုန်း
မေမေ့နောက်ကျောက ဘရူးတပ်(စ)တွေမှာ
မထူးသေနတ်တွေရှိတယ်
သူတို့လက်ထဲက နိုင်းမမ ပစ္စတိုတစ်လက်ဟာ
မေမေ့ဆံပင်တွေကြားက ပန်းခက်တွေပေါ် တဝဲဝဲ
မေမေ့နားက Bishop တစ်ရုပ်တော့ ဖဲ့ထုတ်ခံလိုက်ရပြီ
သိတယ် တစ်ရုပ်တည်းကျန်လည်း
မေမေကတော့ ဆက်ကစားမှာပဲဆိုတာ
မေမေက မေမေပါ မေမေရယ်
ဒါပေမယ့် မေမေမရှိရင် အဲသည်စစ်တုရင်ခုံပေါ် ကျကျနနထိုင်ပြီး
ကိုယ့်ကိုယ်ကို ဘုရင်မ လုပ်ပြီး ရွှေ့မယ့်လူမရှိဘူး
ဘုရင်မ ကျသွားရင် တိုင်းပြည်ဟာ ချောက်ထဲကျမှာပဲ
အသူတရာနက်တဲ့ သွေးချောင်းစီးနေတဲ့ ချောက်ထဲ
သုံးကြိမ်သုံးခါမြောက် ဒလိမ့်ခေါက်ကွေး ကျသွားအုန်းမှာပဲ
မယုံဘူးလား
မယုံရင် ဘုရင်မ နေရာ ကြိုက်တဲ့သူဝင်ထိုင်ပြီး ကစားကြည့်လိုက်
သန်းခြောက်ဆယ် လောင်းကြေးထပ်ပြီး လောင်းပြလိုက်မယ် ။ ။

Comments
Post a Comment