တောင်တန်းများရဲ့ခေါ်သံ
မြတ်
ပြိုကျလာခါနီးမိုးသားတွေလို အဇ္ဈတဟာမှိုင်းမှိုင်းညို့၊ တစ်ယောက်ယောက်ဆီက စာနာတဲ့အကြည့်တစ်ခုလောက်ရလိုက်ရင်တောင် ရှိုက်ကြီးတငင်ငိုချပစ်လိုက်ချင်အောင် ငွေ့ရည်ဖွဲ့လို့…. အိမ်ရှေ့ဝရန်တာက လှမ်းမြင်နေရတဲ့ ကုက္ကိုပင်က သစ်ကိုင်းစိမ်းစိမ်းတွေပေါ်မှာ အဲဒီငွေ့ရည်ဖွဲ့နေတဲ့စိတ်ကို ခဏချိတ်တင်ထားရတယ်။ နေကောင်းရဲ့လားလို့ တစ်ယောက်ယောက်ကလှမ်းမေးလိုက်မှာစိုးတဲ့အတွက် အိမ်အောက်ထပ်ကိုတောင် မဆင်းဖြစ်တော့ဘူး၊ ဖုန်တက်လို့ ညစ်ထပ်ထပ်ဖြစ်နေတဲ့ယောဂဖျာပန်းရောင်လေးကို ခင်းပြီး မလုပ်တာကြာပြီ ဖြစ်တဲ့ အသက်ရှုလေ့ကျင့်ခန်းပြန်စဖို့ပြင်မိပြန်တယ်။ တစ်ကယ်တော့ စိတ်ကိုရှုမှတ်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ စိတ်ထဲငြိမ်းချမ်းရင်ငြိမ်းချမ်းသလိုထိုင်ဖြစ်ရင် အချိန်ဘယ်လောက်ကြာကြာ ထိုင်ဖြစ်သလဲသိချင်လို့ နံရံမှာချိတ်ထားတဲ့နာရီကိုလှမ်းကြည့်ပြီး အချိန်မှတ်တယ်။ ငွေ့ရည်ဖွဲ့နေတဲ့စိတ်ဟာ အေးခဲသွားမလား၊ ဒါမှမဟုတ် အငွေ့ပျံသွားမလား၊ တီဗီမှာ မကြာခဏလာတတ်တဲ့ ယောဂလေ့ကျင့်ခန်းထဲက ရှုသွင်းမယ် ရှုထုတ်မယ် ဆိုတဲ့ အချိန်မှတ်သံကိုပဲနားထဲကြားပြီး လိုက်လုပ်နေမိတယ်။ နှာသီးဖျားက ဝင်လေနဲ့ထွက်လေကို သတိထားနေရင်းက ပေါင်နှစ်ဖက်ပေါ်ဖြန့်တင်ထားတဲ့ လက်ချောင်းတွေကို စက္ကန့်တံသွားနေသလိုမျိုး အလိုလိုချိုးပြီးရေတွက်မိတယ်။ တစ်..နှစ်...သုံး..လေး….စက္ကန့်ခြောက်ဆယ်… တစ်မိနစ်……၊ ၂မိနစ်……၊ ၃မိနစ်…… စိတ်ကို ဝင်လေထွက်လေနဲ့ချည်တာပါပဲ၊ စိတ်ကို ကိန်းဂဏန်းရေတွက်ခြင်းနဲ့ ချည်တာပါပဲ၊ ဆုံလည်နွားနဲ့တူတဲ့ စိတ်ကို လွတ်ထွက်မသွားအောင်လို့ ချည်တိုင်မှာ ချည်ထားတာပါပဲ၊ ဒါပေမယ့် စိတ်ဆိုတာ အမြီးတယမ်းယမ်းနဲ့ စက္ကူစွန်တစ်ကောင်လိုပဲ ရစ်လုံးနဲ့ဘယ်လောက်ပဲထိန်းထိန်း၊ လေကြမ်းကြမ်းတစ်ချက်ဝှေ့လိုက်ရင်ပဲဖြစ်ဖြစ် အခြားစွန်တစ်ကောင်က ဖြတ်ချလိုက်ရင်ပဲဖြစ်ဖြစ် လေထဲမျောပါပျောက်ဆုံးသွားတတ်တာမျိုးကိုး….။ ရုပ်ဒြပ်အကောင်အထည်မပါပဲ နာမ်ချည်းသက်သက် ကာလယန္တရားကိုစီးပြီး ခရီးသွားဖြစ်တယ်၊ ချက်ခြင်းဆိုသလိုပဲ စိတ်ဟာ မြောက်ဦးက ဝေသာလီဟိုတယ် နောက်ကျောဖက် ရွှေစေတီတောင်ကုန်းပေါ် မနက်စောစော တစ်ယောက်တည်း လမ်းလျှောက်တက်ခဲ့တဲ့ အချိန်ဆီ ရောက်သွားတယ်။ တောင်ကြောပေါ်တက်တဲ့လမ်းကျဉ်းကျဉ်းလေးကနေ တဖြည်းဖြည်းတက်လာရင်းက သစ်ပင်ခြုံနွယ်တွေကြားက မြွေတွေဘာတွေများထွက်လာမလားလို့ ကြောက်စိတ်နည်းနည်းဝင်လာတယ်။ ပြန်လှည့်ရင်ကောင်းမလား၊ နောက်ကိုပြန်ကြည့်တော့ မတ်စောက်တဲ့တောင်ကုန်းအဆင်း၊ သိပ်မခိုင်တဲ့ခြေထောက်တွေကြောင့် ကြောက်စိတ်နဲ့နောက်ပြန်ဆင်းဖို့ အကြံကိုလက်လျော့လိုက်တယ်။ အို…လက်ထဲပါလာတဲ့ သစ်ကိုင်းခြောက်နဲ့ခြောက်မှာပေါ့၊ မြွေဆိုတာသူ့ကိုရန်မပြုရင် ကိုယ့်ကိုလည်းမပြုဘူးတဲ့၊ တောင်ပေါ်ရောက်ခါနီးလေ အသက်ရှုသံပြင်းလာလေ၊ အာခေါင်ခြောက်လာလို့ရေဗူး မယူခဲ့မိတာ နောင်တရပြန်တယ်။ ဆောင်းနှောင်းမနက်ခင်းပေမယ့် ချွေးတစိုစိုနဲ့ပေါ့၊ ရွှေစေတီတောင်ကုန်းပေါ်အရောက်မှာတော့ မောခဲ့သမျှ လျောကျသွားရလောက်အောင် ရင်သပ်ရှုမောရှုခင်း၊ ဖွဲ့စရာစကားမရှိတော့လို့ ရှေးဟောင်း အာနန္ဒစန္ဒြကျောက်စာ ထဲကစာသား “ဝေသာလီရှေးဟောင်းမြို့တော် - တာဝတိ ံသာ နတ်ပြည်၏ လှပတင့်တယ်မှုထက်ပို၍လှပတင့်တယ်သောမြို့တော်” ဆိုတဲ့စာသားကိုပဲ သတိရလိုက်မိတယ်။ တိတ်ဆိတ်နေတဲ့တောင်ပေါ်မှာ အရင်ရောက်နှင့်နေတဲ့ နိုင်ငံခြားသားဧည့်သည် ၂ယောက်ကလွဲလို့ ဘယ်သူမှမရှိ၊ နေထွက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့ပြန်ဆင်းသွားတော့ တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ် ရှုမှတ်ချင်စိတ် ပေါ်လာလို့ ရွှေစေတီရင်ပြင်ပေါ်မှာ ငြိမ်သက်စွာ ရှုမှတ်ဖြစ်ခဲ့တယ်။ ဘဝမှာ အငြိမ်းချမ်းဆုံး ကာလတစ်ခုလို့ဆိုရမှာပါပဲ။ ဒီလိုနဲ့ နောက်တစ်နေရာဆီ စိတ်အလျဉ်ကို စီးနင်းလို့ အချိန်ကာလခရီးတစ်ခု သွားခဲ့မိပြန်ပြီ၊ ချင်းမိုင်မြို့ကနေ လေးငါးနာရီလောက်ပဲမောင်းရတဲ့ မိုးသစ်တောတွေရှိတဲ့ ဒွိုင်အင်ထနွန်လို့ အမည်ရတဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထွတ်တစ်ခုဆီကိုပေါ့၊ မိုးသစ်တောတွေကိုဖြတ်ပြီး ခြေလျဉ်တောင်တက်ခရီးသွားဖို့ ဆိုင်းမဆင့်ဗုံမပါပဲ ဆုံးဖြတ်လိုက်မိတော့ ရေဗူးလည်းမပါ၊ စားစရာလည်းမပါ၊ မိုးသစ်တောဆီကိုညွှန်ပြတဲ့ ဆိုင်းဘုတ်ကလေးအတိုင်းပဲ တစ်ယောက်ယောက်ကလှမ်းခေါ်နေသလို လိုက်လျှောက်သွားမိတယ်။ စိမ်းညို့နေတဲ့ သစ်ပင်ကြီးတွေမှာ နွယ်ပင်စိမ်းစိမ်းတွေရစ်ပတ်လို့၊ အသွေးအရောင်စုံ သစ်ခွပန်းတွေဟာလည်း သစ်ပင်တွေထိပ်ဖျားမှာ ပွင့်လန်းလို့၊ စမ်းချောင်းလေးတွေဖြတ်ပြီး သွားရတာ၊ ရေတံခွန်စိမ့်စမ်းတွေကြားက တောလမ်းကလေးကနေ လမ်းညွှန်ဆိုင်းဘုတ်လေးတွေအတိုင်းလိုက်ပြီးသွားရတာ အစအဆုံးနီးပါးမှတ်မိနေတယ်။ ငါးနှစ်သားပဲရှိသေးတဲ့ သားကလေး မိုးယုကလည်း မိုးသစ်တောထဲမှာ လျှောက်သွားရင်း ပျော်လို့၊ ငှက်ကလေးတွေရဲ့ စိုးစိုးစီစီမြည်သံတွေနဲ့အတူ ခုန်ပေါက်လို့ပေါ့။ ညောင်းတယ်၊ ဗိုက်ဆာတယ်လို့တောင် တစ်ချက်ကလေး မညည်းညူခဲ့ဘူး၊ သိပ်အမြင့်ကြီးမဟုတ်တဲ့ တောင်တွေပေါ်ကို တောင်တက်လမ်းတလျှောက်က သစ်ပင်နွယ်ကြိုးတွေကို ခိုဆွဲပြီး တက်ကြတယ်။ ဘယ်ကိုသွားလို့ ဘယ်ကိုရောက်မယ် ဆိုတဲ့ လမ်းကြောင်းပြမြေပုံလည်းမပါဘူး၊ အဲဒီတုန်းက ဖုန်းတွေထဲမှာ ဂျီပီအက်(စ) စနစ်လည်းမပါသေးဘူး၊ လမ်းညွှန်ဆိုင်းဘုတ်တွေကလည်း ပေါ်တလှည့်ပျောက်တလှည့်၊ သည်လိုနဲ့ နောက်ထပ် ထပ်တက်ရမယ့် တောင်ကုန်းတွေမရှိတော့တဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ်ကိုရောက်တဲ့အချိန်မှာ တွေ့လိုက်ရတာက မျက်စိတဆုံး ခရမ်းရောင်ပန်းခင်းကြီး၊ ဟိုးတစ်ဖက်ခြမ်းမှာက တောင်စဉ်တောင်တန်းအထပ်ထပ်တွေ၊ အမြင့်ဆုံးတောင်ထိပ်ပေါ်ကနေ အကျယ်ကြီးအော်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို တောင်တန်းတွေကတော့ကြားခဲ့မှာပါပဲ၊ ဒါပေမယ့် ကာလယန္တရားရဲ့တိုက်စားမှုကြောင့် အသံတွေ ပဲ့တင်မထပ်နိုင်ခဲ့ဘူး။ ခရမ်းရောင်ပန်းလေးတွေကို နားတစ်ဖက်တစ်ချက်မှာ ပန်ဆင်မိတော့ ဘဝရဲ့အလှပဆုံး အချိန်လို့တောင်ထင်မိခဲ့သေးတာ။ အဲဒီပန်းခြောက်ကလေးတွေ တောင်ပေါ်က ကောက်လာခဲ့တဲ့ ကျောက်ခဲလေးတွေကို နှစ်အတော်ကြာ တခုတ်တရ သိမ်းထားခဲ့သေးတယ်။ အခုတော့ အဲဒါတွေကို အမှိုက်ထင်ပြီး အမေက လွှင့်ပစ်လိုက်လို့ ပျောက်ပျက်သွားကြပြီ။ ဒါပေမယ့် စိတ်ဝိညာဉ်ရဲ့ထောင့်ကျဉ်းတစ်နေရာမှာတော့ အဲဒီ ဆယ်စုနှစ် တစ်စုကျော် အချိန်ကာလက စိတ်ခံစားမှုအခိုက်အတန့်လေးတွေ မပျက်မပြယ် ထင်ကျန်နေသေးရဲ့။ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးတဲ့ ဝတ္တုလတ်တစ်ပုဒ် ဖတ်ဖူးတယ်။ အဲဒီဝတ္တုထဲက ဇာတ်ကောင်အမျိုးသမီးဟာ ညဖက်ဆို တောင်တန်းတွေဆီက မီးရောင်တွေမြင်တိုင်း သူ့ကို လှမ်းခေါ်နေကြပြီလို့ ပြောတတ်တယ်။ တစ်နေ့မှာတော့ အဲဒီအမျိုးသမီးဟာ အဲဒီတောင်တန်းတွေပေါ်က မီးရောင်တွေလင်းလက်နေတတ်တဲ့ နေရာဆီထွက်သွားရင်း ဘယ်တော့မှပြန်မလာတော့ဘူး၊ ပန်းချီဆရာ ဝင်းဖေမြင့်က တောင်တန်းတွေကိုရေးဆွဲထားတဲ့ သူ့ပန်းချီကားတစ်ချပ် အကြောင်း တစ်ခါကပြောပြဖူးတယ်။ တောင်တန်းတွေဆီက ခေါ်သံတွေကြားနေရလို့ သူဘယ်လိုမှမနေနိုင်ပဲ ဒီပန်းချီကားကိုရေးဖြစ်တယ်ဆိုပဲ၊ သူ့ပန်းချီကားရှေ့ ရပ်ကြည့်နေတုန်းကလည်း အဲဒီခေါ်သံတွေကို ကြားနေခဲ့သေးတယ်။ စိမ်းညို့နေတဲ့တောင်တန်းကြီးတွေက လက်ယပ်ခေါ်နေကြသလိုမျိုးပေါ့၊ မိုးရွာခါနီးအချိန်တွေဆိုရင် တိမ်ရိပ်မိုးသားတွေက တောင်တန်းတွေရဲ့နဖူးကို နမ်းရှိုက်ကြလိမ့်မယ်။ သိပ်မကြာခင် ငွေ့ရည်ဖွဲ့ရွာချလာတဲ့ မိုးစက်မှုံတွေကိုတွေ့ရမယ်။ ကောင်းကင်က ဖြန့်ချလိုက်တဲ့ ခန်းဆီးဇာလွှာတစ်စလို မိုးမှုံတွေဟာ တောင်တန်းတွေပေါ်မှာ ခြုံလွှားလို့နေလိမ့်မယ်။ ဆည်းဆာနေခြည်အသွေးမှာ အဝေးကမိုးကုပ်စက်ဝိုင်းပေါ် သက်တန့်ရောင်စုံ တံတားတစ်စင်း ခင်းချင်လည်း ခင်းထားပေလိမ့်မပေါ့၊ အမြဲလိုငွေ့ရည်ဖွဲ့ဆွေးမြည့်နေတတ်တဲ့ စိတ်အနာတရတွေကို စိတ်ရှိလက်ရှိ ရွာသွန်းပစ်လိုက်မှ သက်တန့်ရောင်စုံဖြာ လင်းပွင့်တဲ့နေ့တွေ ပြန်ရောက်လာနိုင်မယ် မဟုတ်လား။ အဝေးမှာ မိုးတွေရွာတော့မလိုလိုပဲ…….မှိုင်းမှုံနေတဲ့ ငွေ့ရည်ဖွဲ့မိုးတိမ်တွေကို စိမ်းညို့ညို့တောင်တန်းကြီးတွေက လက်ယပ်ခေါ်နေကြပြီ ။ ။

Comments
Post a Comment