ပါရီဗိုင်းရပ်(စ)
မြတ်
ပန်းပေါင်းစုံပွင့်ဖူးတဲ့ ပါရီနွေဦး၊ မျှော်လင့်ထားတာထက် ပိုပြီးခမ်းနားနေရဲ့။ လေဆိပ်က မြို့ထဲအသွားလမ်းတလျောက် တောအုပ်ငယ်လေးတွေ၊ အမျိုးအမည်မသိ ပန်းရောင်စုံတွေ၊ ကမ္ဘာကျော် အဆောက်အအုံဟောင်းတွေကို ဖြတ်လာရင်း တည်းရမယ့်နေရာ ရောက်မှန်းမသိရောက်လာခဲ့…။
ဟိုတယ်တွေ အင်မတန်ဈေးကြီးတဲ့ ပါရီမြို့မှာ တည်းဖို့စီစဉ်ပေးတဲ့နေရာက ပါရီမြို့လယ်ခေါင်က Eiffel Tower နဲ့ the Exhibition Park ကြားမှာရှိတဲ့ Hotel Amiral-Fondary။ အခန်း၂၀လောက်ပဲရှိတဲ့ ကြယ်သုံးပွင့်ဟိုတယ်လေးကို ပါရီမြို့က ရှေးဟောင်းအမွေအနှစ်တစ်ခုအနေနဲ့ထိန်းသိမ်းထားတဲ့ အိမ်ဟောင်းလေးတစ်လုံးမှာ ဖွင့်ထားတယ်။
သံဘာဂျာတံခါးဆွဲဖွင့်သလိုမျိုး ဖွင့်ရတဲ့ ရှေးကျတဲ့ဓါတ်လှေကားကိုသုံးပြီး ကိုယ်နေရမယ့်အခန်းရှိတဲ့ ဒုတိယထပ်ကိုတက်လာခဲ့။ ဆင်ဆာစနစ်နဲ့ဆင်ထားတဲ့ မီးလုံးတွေက ဓါတ်လှေကားထဲကထွက်လိုက်တာနဲ့ ဖျတ်ကနဲလင်းလာ။ တအိအိအသံမြည်နေတဲ့ သစ်သားကြမ်းခင်းတွေပေါ်နင်းပြီး ကိုယ်နေမယ့် အခန်းဆီသွားရတော့ ငယ်ငယ်ကနေခဲ့ဖူးတဲ့ ဝါးကြမ်းခင်းထားတဲ့ အဖွါးအိမ်အပေါ်ထပ်ကို သတိရမိ။
နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့ ရေချိုးခန်းအိမ်သာကလွဲပြီး ဘာမှမပါတဲ့ အခန်းလေးက တစ်ကယ့်ကို ရိုးရိုးရှင်းရှင်း။ ခန်းဆီးဖယ်ပြီး ပြူတင်းပေါက်ဖွင့်လိုက်တော့ ကိုယ့်အခန်းဝရန်တာမှာပန်းအိုးလေးတွေက အစီအရီ၊
ဘေးတံခါးဖွင့်ပြီး ဝရန်တာထွက်ကြည့်မိတော့ အောက်ထပ်က ရသမျှမြေနေရာ ကျဉ်းကျဉ်းလေးထဲမှာ ဖန်တီးထားတဲ့ ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ်သေးသေးလေး။ မှောင်ရီပျိုးစညနေမှာ လူသွားလူလာကျဲပါးတဲ့ လမ်းသွယ်လေးတစ်ခုကို အပေါ်ထပ်က စီးမြင်နေရ။
နာရီ၂၀ကျော်လေယာဉ်စီးလာခဲ့ရလို့ အတော်ပင်ပန်းနေတာရော မိုးလေးတဖွဲဖွဲ ကျနေတာ ရောကြောင့် ပါရီညထဲ တစ်ယောက်တည်း လျှောက်ကြည့်ချင်တဲ့စိတ်ကို ရင်ထဲမှာ ခဏခေါက်သိမ်းထားလိုက်တယ်။
လေအေးပေးစက်ဖွင့်စရာမလိုလောက်အောင် ရာသီဥတုက မျှတ၊ ရေချိုးပြီးပြီးချင်း စာကြည့်မီးအိမ်လေးပဲဖွင့်ထားပြီး အိပ်ယာပေါ် ခဏလှဲမိရင်ပဲ အိပ်ယာရဲ့ အနွေးဓါတ်က ကိုယ့်ကို ညှို့နေပြန်ရော။
အိပ်ယာဘေးက စာကြည့်မီးအိမ်တင်ထားတဲ့ စားပွဲလေးပေါ်မှာ ဖတ်စရာစာအုပ်တချို့..။ ပန်းအိုးလေးတစ်လုံး….. ပန်းရင့်ရောင်ပန်းတွေအဆုပ်လိုက်နဲ့ အဖွါးစိုက်နေကျ ပန်းအိပန်းတွေလိုမျိုး၊ အနံ့မရှိပေမယ့် စာကြည့်မီးအိမ်နောက်ခံမှာ သူ့အရောင်ဟပ်ပြီး အခန်းတစ်ခန်းလုံး ပန်းရောင်ဖျော့ဖျော့လင်းနေသလိုမျိုး ခံစားရ…၊
စားပွဲပေါ်က ခရီးသွားလမ်းညွှန်စာအုပ်ကိုယူပြီး သွားရမယ့်နေရာတွေ လိုက်ရှာကြည့်ရင်းက အိပ်ငိုက်လာတာနဲ့ စာကြည့်မီးအိမ်ကို အသာပိတ်….အိပ်တော့မယ်… တိတ်ဆိတ်ငြိမ်သက်…..ပန်းဖျော့ဖျော့ ပါရီည…လှပ။
+++++
ပန်းရင့်ရောင်ပွင့်ဖတ်ပေါ်ကနေ အဖြူရောင်ပိုးမျှင်လေးတစ်မျှင်ကို တွဲလွဲခိုပြီး စာကြည့်စားပွဲပေါ်ကျလာတဲ့ ပိုးတုံးလုံးအစိမ်းရောင်လေးတစ်ကောင်၊ သူ့ခန္ဓာကိုယ်လေးကို ကြုံ့လိုက်ဆန့်လိုက်လုပ်ရင်း စာကြည့်စားပွဲအစွန်းကို တရွေ့ရွေ့လျှောက်သွား…။
စာကြည့်စားပွဲအစွန်းက သူခုန်ချလိုက်တော့ အဖြူရောင်ခေါင်းအုံးတစ်လုံးပေါ် ပြုတ်ကျသွား….။ အဖြူရောင်ခေါင်းအုံးပေါ် အစိမ်းရောင်လေးတရောင် တရွေ့ရွေ့သွားနေပုံက မီးစုန်းတပ်ထားတဲ့ စက္ကန့်တံလေး ရွေ့နေသလိုမျိုး။
တရွေ့ရွေ့နဲ့ ခေါင်းအုံးပေါ်ပြန့်ကျဲနေတဲ့ ဆံနွယ်မည်းမည်းတွေကြား ပိုးတုံးလုံးလေး ရောက်သွားတယ်။ မှောက်လျက်အနေအထားအိပ်နေလို့ ပြန့်ကျဲနေတဲ့ ဆံနွယ်မည်းမည်းတွေကြားမှာ ထင်းကနဲပေါ်နေတဲ့ လည်ဂုတ်သားဖွေးဖွေး…. တရွေ့ရွေ့နဲ့ ပိုးတုံးလုံးအစိမ်းရောင်လေးက လည်ပင်းဂုတ်သားပေါ်မှာဆွဲထားတဲ့ ပလက်တီနမ်ဆွဲကြိုးရဲ့ ချိတ်ကလေးပေါ်အထိရောက်လာခဲ့။
ပလက်တီနမ်ဆွဲကြိုးရဲ့ အဆစ်လေးတစ်ဆစ်ပေါ်ကတဆင့် လည်ဂုတ်ကနေ ခေါင်းကိုသွားတဲ့ ညာဖက်သွေးပြန်ကြော တစ်ချောင်းပေါ် ပိုးတုံးလုံးလေး ဖျတ်ကနဲ ခုန်ချခဲ့….ပြီးတော့…..အကြာကြီးရပ်နေ….. ဘုရားရေ..….တကယ်တော့ သူရပ်နေခဲ့တာမဟုတ်ဘူး။ တူးဆွနေခဲ့တာပဲ…။ တစစ်စစ်နဲ့၊ ညာဖက်ဇက်ကြောတစ်ခုလုံး ထုံကျင်လာတဲ့အထိ။
နေစမ်းပါအုန်း….ဒီဆွဲကြိုးကိုမြင်ဖူးလိုက်တာ။ ချိတ်ကလေးပေါ်မှာထွင်းထားတဲ့ “M”ဆိုတဲ့စာလုံးလေးကိုပါ ထင်ထင်ရှားရှားမြင်နေရ။ ကြည့်စမ်း ….. ဒါငါ့ဆွဲကြိုးမဟုတ်ဘူးလား၊ မွေးနေ့မှာ မေမေက အမှတ်တရဝယ်ပေးထားတဲ့ ဆွဲကြိုးပဲ။
ဆွဲကြိုးကိုသတိထားကြည့်နေမိတုန်း ပိုးတုံးလုံးအစိမ်းရောင်လေးက သူတူးဆွထားတဲ့အရေပြားအပေါက်ထဲကတဆင့် သွေးပြန်ကြောထဲကို တအိအိ တိုးဝင်ဖို့ကြိုးစားနေခဲ့…..။
နိုး…နိုး…မဝင်နဲ့….မဝင်ရဘူး….အဲဒါငါ့သွေးကြော…ညာဖက်လက်နဲ့ဖယ်ဖို့ကြိုးစားမိတော့ လက်ကိုရှာလို့မတွေ့တော့ဘူး။ ဘယ်လက်နဲ့ အိပ်ယာပေါ်စမ်းကြည့်မိတော့ လက်ထဲမှာ အခြားလက်ကြီးတစ်ခုရောက်နေတာစမ်းမိ။ အား….အား….. လက်ကြီး….လက်ကြီး။
အသံကုန်ခြစ် အော်ရင်း မှောင်ထဲမှာ မျက်လုံးကို ဇွတ်ဖွင့်ကြည့်မိ….။ လက်စသတ်တော့ ကိုယ့်ညာလက်ကို ဘယ်ဖက်လက်ထဲမှာ ဆုပ်ကိုင်ထားရင်း အော်နေမိတာပဲ။ ဒါပေမယ့် ညာဖက်လက်ဟာ ဘာအထိအတွေ့ကိုမှ မသိနိုင်လောက်အောင် ထုံကျင်နေခဲ့။
စောစောက တွေ့လိုက်တဲ့ အစိမ်းရောင်ပိုးတုံးလုံးလေးကို တွေ့လိုတွေ့ငြား ဘယ်လက်နဲ့ ကိုယ့်ဂုတ်ပေါ် ကိုယ်ပြန်စမ်းကြည့်မိတော့လည်း ဘာမှထူးထူးခြားခြားမစမ်းမိ။ ထူးခြားတာဆိုလို့ ညာဖက်ဇက်ကြောတစ်ခုလုံး တစစ်စစ်ထုံကျင်ကိုက်ခဲနေခဲ့တာ တစ်ခုပဲ…။
မနက်၇နာရီမှာ အောက်ထပ်က စားသောက်ခန်းထဲမှာ မိတ်ဆွေတွေနဲ့ တွေ့ဖို့ချိန်းထား တာကို သတိရ….ကမန်းကတန်းကြုံးထ နာရီကြည့်မိတော့ မနက်၅နာရီခွဲ။
ပါရီမနက်ခင်းမှာ ခေါင်းခဲစွာ နိုးထခဲ့။ Not a very good morning buddies!
+++++
Rue ဆိုတာ ပြင်သစ်လို လမ်းကိုခေါ်တာဖြစ်မယ်ထင်ရဲ့။ Rue Fondary, Rue Duplex စတဲ့ နာမည်တွေပေးထားတာတွေ့ရ။ Fondary လမ်းထိပ်ရောက်တာနဲ့ အရင်ဆုံးတွေ့ရတာက ဝိုင်တွေ ရှမ်ပိန်တွေ အရက်ပြင်းတွေ ရောင်းတဲ့ဆိုင်၊ အဲဒီဆိုင်နဲ့ မနီးမဝေးမှာ မြေအောက်ဘူတာရုံလေးတစ်ခု။
မြေအောက်ရထားသုံးဘူတာလောက်စီးပြီး ကွန်ဖရန့်လုပ်မယ့် ယူနက်စကိုအဆောက်အအုံ ရှိရာကို သွားခဲ့။ ကွန်ဖရန့်ခန်းမထဲမှာ တကမ္ဘာလုံးက မီဒီယာသမားတွေနဲ့ပြည့်ကျပ်နေ၊
ရှေ့၂တန်းကျော်လောက်က ဆံပင်တိုတိုနဲ့ အမျိုးသမီးတစ်ယောက် ကိုယ့်ဖက် မကြာမကြာလှည့်ကြည့်တာသတိထားမိ၊ သိပ်မကြာခင်ပဲ ကိုယ့်ဆီလျှောက်လာ၊ မိုနာ….လို့ အကျယ်ကြီးခေါ်ပြီး ဖက်လှဲတကင်းနှုတ်ဆက်၊
“နင်ငါ့ကို မမှတ်မိဘူးလား၊ ငါ ဆိုဖီယာလေ” သူ့ကိုယ်သူ ဆိုဖီယာလို့ပြောနေတဲ့ အမျိုးသမီးကို…သိပ်တော့မမှတ်မိဘူး။ ဝါးတားတားပဲ။ ရုတ်တရက်ဆိုတော့ ငါသိပ်မမှတ်မိ၊ ဆောရီးပဲ ဆိုဖီယာ…။
ဆိုဖီယာက ပြင်သစ်အခြေစိုက် ရေဒီယိုဋ္ဌာနတစ်ခုမှာ အလုပ်လုပ်နေပြီဆိုပဲ၊ ခက်တာက သူကကိုယ့်ကိုကောင်းကောင်းသိနေပေမယ့် ကိုယ်ကကောင်းကောင်းမမှတ်မိတော့တဲ့ မိတ်ဆွေဟောင်းဖြစ်နေတာ အားနာစရာ။
ကွန်ဖရန့်သတင်းအမြန်ပို့ရမှာမို့ ရုံးကိုပြန်သွားတော့မယ့် ဆိုဖီယာကို ကမန်းကတန်း လက်လှမ်းဆွဲရင်း အရေးကြီးတာတစ်ခုမေးမိ။
“စကားမစပ် ဆိုဖီယာ၊ နင့်ဆီမှာ ခေါင်းကိုက်ပျောက်ဆေးရှိလား၊ ညနေ နင်လာရင် ငါ့အတွက် တစ်ကဒ်လောက် ဝယ်ခဲ့ပေးပါလား”
“နင်တော့ Jet Leg ရနေပြီထင်တယ် မိုနာ၊ ကိစ္စမရှိဘူး ငါ့မှာ ဆေးရှိတယ်။ ညနေကျ ယူလာခဲ့မယ်”
ဆိုဖီယာက ပြောပြောပြေးပြေး ထွက်သွားခဲ့။ ကိုယ်ကတော့ တစစ်စစ်ကိုက်ခဲနေတဲ့ ခေါင်းရဲ့ညာဖက် ဇက်ပိုးပေါ်က သွေးပြန်ကြောပေါ် လက်နဲ့ထောက်ထားမိ။ လက်မှာလာတိုးတဲ့သွေးခုန်နှုန်းထဲမှာ တရွေ့ရွေ့တွားသွားနေတဲ့ အရာတစ်ခုကို သွားစမ်းမိ။ ဟို ပိုးတုံးလုံးကောင်လေးများလား…။
+++++
နေ့လည်စာစားပြီးချိန်မှာ ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မတတ် မခံမရပ်နိုင်လောက်အောင် ကိုက်ခဲလာတဲ့အပြင် အန်ချချင်စိတ်ပါပေါက်လာလို့ အများသုံးအိမ်သာခန်းထဲကို အပြေးအလွှားဝင်ခဲ့ပြီး အန်ချမိ… ဆေးတစ်ခုခုတော့ အမြန်ဆုံးသောက်မှရတော့မယ်။ နာရီကြည့်မိတော့ နေ့လည်၁နာရီခွဲ…။ ကွန်ဖရန့်က Information Desk မှာ ဆေးဝယ်ရမယ့်နေရာမေးတော့ ခပ်လှမ်းလှမ်းက Convinience Store တစ်ခုဆီ လမ်းညွှန်။
ဘုရားရေ….အဲဒီနေရာထိ ငါလျှောက်နိုင်ပါ့မလား။ အို လျှောက်ရမှာပဲ၊ ဆေးသောက်မှရမယ်။ ဆေးဝယ်ပြီးရင် ကွန်ဖရန့်ကိုပြန်သွားရမယ်။ ဒီနေ့လည်ခင်း ၃နာရီမှာလုပ်မယ့် ဆွေးနွေးပွဲတစ်ခုမှာ ကိုယ်ဆွေးနွေးရမယ့်အလှည့်ရှိတယ်။
Convinience Store မှာ အလွယ်တကူဝယ်လို့ရတဲ့ Panadol တစ်ကဒ်ဝယ်လာပြီး ဆေး၂လုံး ဆက်တိုက်သောက်ပစ်လိုက်မှ နည်းနည်းနေသာထိုင်သာရှိသွား။
နေ့လည်ခင်းဆွေးနွေးပွဲမှာ ကိုယ့်အလှည့် ၁၅မိနစ်စာဆွေးနွေးချိန်ကို ၁၅ကမ္ဘာလောက် ကြာတယ်ထင်မိ။ အကြိမ်ကြိမ်ပြင်ဆင်ထားပြီးသားမို့သာ ချောချောမောမော ပြောနိုင်ခဲ့တာ။
အမေးအဖြေကဏ္ဍရောက်တော့ ခန်းမထဲက လူတစ်ယောက်က ပထမဆုံးလက်ထောင်ပြီး မေးခွန်းတစ်ခု မေးလာခဲ့၊
“ခင်ဗျားအတွက် လွတ်လပ်စွာပြောရေးဆိုခွင့်ရဖို့ အခက်ခဲဆုံး အတားအဆီးတစ်ခုက ဘာလဲ”
ဟုတ်တယ် အဲဒါဘာလဲ…။ ကိုယ့်ဖါသာပြန်မေးမိ၊ ငါ့အတွက် အတားအဆီးက ဘာဖြစ်မလဲ။ ခန်းမတစ်ခုလုံး တဒင်္ဂ တိတ်ဆိတ်သွား။
ဦးဏှောက်တွေပွင့်ထွက်သွားမတတ် အဖြေကို စဉ်းစားမိ၊ ဦးခေါင်းညာဖက်က သွေးပြန်ကြောကြီးထဲမှာ စက္ကန့်တံလေး တစ်ခုတရွေ့ရွေ့ပြေးနေ။ စက္ကန့်တံလေး မဟုတ်ပါဘူး၊ ပိုးတုံးလုံးအစိမ်းရောင်လေးပါ၊ အို… မဖြစ်နိုင်ပါဘူး၊ အဲဒါ ငါ့သွေးကြော…ဦးဏှောက်ကိုသွားတဲ့ သွေးတွေစီးဆင်းနေတာ….။ အဲဒါ ငါပဲ…။
“အဲဒါ…ငါကိုယ်တိုင်ပဲ”
ခန်းမထဲမှာ လက်ခုပ်သံတွေ ဆူညံသွား။ မေးခွန်းမေးတဲ့သူက ကျေးဇူးပဲလို့ပြောပြီး ပြန်ထိုင်သွား….။ ဘုရား…ဘုရား…..ငါဘာတွေဖြေလိုက်မိပါလိမ့်…..။
+++++
ကိုယ့်အလှည့်အပြီး ကော်ဖီသောက်ချိန်မှာ စောစောက လက်ထောင်ပြီးမေးလိုက်တဲ့သူက အနားရောက်လာခဲ့၊
“Congratulations မိုနာ”
“For what” ဘာအတွက်လဲ ပြန်မေးမိ…။ မင်းရဲ့အဖြေအတွက်ပါ လို့ ဆေးလိပ်မီးညှိရင်း သူကပြန်ပြော။
အဲဒါငါဖြေလိုက်တာ မဟုတ်ဘူး၊ ငါ့ခေါင်းထဲက ပိုးတုံးလုံးတစ်ကောင်က ဖြေလိုက်တာ လို့ ပြန်ပြောမယ်လုပ်ပြီးမှ အဲဒါ အဓိပ္ပါယ်မရှိဘူးလို့စဉ်းစားမိ၊
ဆေးလိပ်မီးခိုးငွေ့တွေကို ကိုယ့်နား ရောက်မလာအောင် သူက မှုတ်ထုတ်ပစ်ခဲ့၊ ဆေးလိပ်မီးခိုးငွေ့တွေနဲ့ ကိုယ့်ခေါင်းထဲကအကောင်လေးကို ထွက်လာအောင် လုပ်ရင်ရမလားမသိဘူး…။
သူက ကိုယ့်ကို ကဒ်တစ်ခုလှမ်းပေးလို့ ကဒ်ထဲမှာ ရေးထားတဲ့ နာမည်ကိုကြည့်လိုက်တော့ ခရစ်(စ)…။ ကိုယ်အင်မတန်ရင်းနှီးဖူးတဲ့ နာမည်တစ်ခုပဲ။
Can I have a cigarette, Chris?
ဗူးထဲက စီးကရက်တစ်လိပ်ကို ကိုယ့်ဆီကမ်းပေးပြီး မီးညှိပေးဖို့ မီးခြစ်ခြစ်လိုက်တော့ Eiffel Tower ပုံ အဖုံးနဲ့ ဇစ်ပိုမီးခြစ်က မီးညွန့်ကလေး လွန့်ကနဲတက်လာ၊
Thanks Chris………နှုတ်ခမ်းဖျားမှာချိတ်ထားတဲ့ စီးကရက်ဆီ မီးကူးသွားအောင် နှစ်ချက်လောက် ဖွါပစ်လိုက်၊ အနားရောက်လာတဲ့ ခရစ်(စ)ကိုယ်က ရေမွှေးနံ့က ကိုယ့်ကို စိတ်အနှောင့်အယှက်အပေးဆုံးပဲ။
တစ်ဖွါဖွါပြီးမှ စီးကရက်အစီခံပေါ်က တံဆိပ်ကိုကြည့်လိုက်မိတော့ သူကကိုယ့်ကို မေးခွန်းတစ်ခုမေးခဲ့။
Do you know what does MARLBORO stand for?
မချိုမချဉ်အပြုံးနဲ့ ခရစ်(စ)က စီးကရက်ခဲရင်းမေးတယ်။ မာလ်ဘိုရိုစီးကရက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုယ်တကယ် မသိခဲ့ဘူး၊
သူက တစ်လုံးခြင်း ခပ်ဖြေးဖြေး ရွတ်ပြခဲ့
Man Always Remember Love Because Of Romance Only
So what? အဲဒီတော့ ဘာဖြစ်လဲ ခရစ်(စ)….
စီးကရက်ငွေ့တွေကို နှာခေါင်းပေါက်ထဲကနေ ဦးဏှောက်ထဲရောက်သွားအောင် ရှိုက်သွင်းမိ၊ မင်းထွက်သွားတော့….. ပိုးတုံးလုံးလေး….။
+++++
ဆိုဖီယာနဲ့ချိန်းထားတဲ့ မြေအောက်ဘူတာကိုသွားဖို့ ပါရီလမ်းညွှန်ကိုကြည့်ပြီး Avenue de Suffren လမ်းမအတိုင်း ထွက်လာခဲ့။
ခုံးကျော်တံတားတစ်ခုကို ဖြတ်ရတော့ အောက်မှာ ရန်ကုန်ဘူတာကြီးနဲ့ခပ်ဆင်ဆင်တူတဲ့ ဘူတာရုံကြီးတစ်ခု၊ ရထားတွေ အများကြီးတွေ့နေရ၊ လမ်းတလျောက်မှာ ခိုတွေက အုပ်စုလိုက် ပျံချည် နားချည်၊ ခိုစာကျွေးသူ မတွေ့ရပေမယ့် သူတို့ဆီက ခိုတွေဟာ ဝ၀ဖြိုးဖြိုး၊
ဖြတ်လျှောက်လာတဲ့ ရပ်ကွက်တိုင်းမှာ ပန်းခြံလေးတွေ အစီအရီ၊ ပါရီမှာတွေ့မိသမျှ ကော်ဖီဆိုင်တွေအားလုံးဟာ ထိုင်ချင့်စဖွယ်၊ အချိန်နည်းနည်းရသေးလို့ Notre-Dame ဘုရားကျောင်းရှေ့က Shakespeare & Company Bookstore ဆိုတဲ့ စာအုပ်ဟောင်းအရောင်းဆိုင်ကို ဝင်မွှေကြည့်မိ၊
၁၉၅၁ခုနှစ်လောက်ကတည်းက စဖွင့်ခဲ့တဲ့ ဒီစာအုပ်ဆိုင်လေးမှာ ကမ္ဘာကျော် စာရေးဆရာတချို့ စတည်းချခဲ့ဖူးတယ်ဆိုပဲ၊ တကမ္ဘာလုံးက ရသစာပေနဲ့ပါတ်သက်တဲ့ စာအုပ်တွေအတော်များများ ဂန္တဝင်ရော ခေတ်ပေါ်ရောပါ မကျန် စာအုပ်ဆိုင်ကျဉ်းကျဉ်းလေးထဲက ပြည့်ကျပ်နေတဲ့စာအုပ်စင်တွေပေါ်မှာ လှဲလျောင်းနေကြ၊
ဒုတိယထပ်မှာခင်းကျင်းထားတဲ့ Shakespeare သုံးခဲ့တဲ့ လက်နှိပ်စက်အဟောင်းလေး တစ်လုံးမှာ ရိုက်လက်စစာမူတစ်ရွက်က ညှပ်လျက်သား၊
၁၉၅၆ခုနှစ်ကထွက်ခဲ့တဲ့ George Orwell ရဲ့ ရှားပါးစာအုပ်တစ်အုပ် Keep the Aspidistra Flying ကို ယူရို ၁၅၀နဲ့ရောင်းဖို့ကြေငြာထားတာတွေ့ရ၊ New Statesman သတင်းစာက ရေးတဲ့ အဲဒီစာအုပ်အကြောင်းသုံးသပ်ချက်ကို ဖတ်ကြည့်ချင်လို့ လက်နှိပ်စက်ဘေးက ကြိမ်ဆက်တီခုံမှာ ခဏဝင်ထိုင်မိ၊ Book Review မှာရေးထားတာက “သွားဆရာဝန်ရဲ့ ထိုင်ခုံပေါ်မှာထိုင်ရင်း သွားတွေကို ကျဉ်စက်နဲ့တို့ခံနေရတုန်းမှာရတဲ့ ခံစားချက်မျိုး ဖတ်သူကိုပေးနိုင်တဲ့ စကားလုံးခပ်ကြမ်းကြမ်းတွေသုံးပြီးရေးထား”တဲ့။ ဖတ်လို့ကောင်းမှာပဲ သေချာတယ်။
ဂန္တဝင်စာအုပ်အဟောင်းတွေထားတဲ့ စင်ပေါ်က Orwell ရဲ့ Shooting an Elephant ဆိုတဲ့အက်ဆေးစာအုပ်ကို ဆွဲထုတ်လိုက်ပြီး Bookshop Memories ဆိုတဲ့ ဖတ်ဖူးတဲ့အက်ဆေးတစ်ပုဒ်ကို ပြန်ဖတ်ကြည့်ချင်လို့ စာမျက်နှာ ၄၁ကို လှန်လိုက်တော့ စာအုပ်ကြားက အပေါက်သေးသေးလေးတစ်ပေါက်ကနေ လူးလွန့်ထွက်လာတဲ့ ပိုးတုံးလုံးလေးတစ်ကောင်၊ ဒီကောင်က အဖြူရောင်ပါလား၊ ပိုးတုံးလုံးအဖြူလေးက တလွန့်လွန့်နဲ့ စာရွက်ပေါ်ထောက်ထားတဲ့ ကိုယ့်လက်ညှိုးပေါ်တက်လာ၊ အလန့်တကြားခါချလိုက်မိ၊ စာအုပ်ကိုကမန်းကတန်းပြန်ပိတ်ပြီး စင်ပေါ်ပြန်တင်ထားခဲ့၊
တချိန်လုံး ထုံကျဉ်နေခဲ့တဲ့ ညာဖက်ဇက်ကြောတလျောက်က ဖေါက်ကနဲ အသံတစ်သံ ကြားလိုက်ရ၊ ဘုရားရေ…အစိမ်းရောင်ပိုးတုံးလုံးလေး သွေးကြောကိုဖေါက်ပြီးထွက် လာတာများလား၊ ထွက်သွားရင် သိပ်ကောင်းမှာပဲ၊ ပိုးတုံးလုံးလေး….ကျေးဇူးပြုပြီး မင်းထွက်သွားတော့။
စာအုပ်ဆိုင်အပေါ်ထပ်ကိုတက်လာနေတဲ့ ကမ္ဘာလှည့်ခရီးသည်တချို့ကိုတိုးဝှေ့ပြီး ကယောင်ကတန်း ပြေးဆင်းလာခဲ့။
စာအုပ်ဆိုင်နဲ့ ခပ်လှမ်းလှမ်းအထိ ဆက်လျှောက်လာတော့ M ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးနဲ့ ဆိုဖီယာနဲ့ ချိန်းထားတဲ့မြေအောက်ဘူတာကိုတွေ့လိုက်ရ၊
ရုံးဆင်းချိန်မို့ အသားအရောင်အမျိုးမျိုးနဲ့ လူမျိုးပေါင်းစုံတွေ့ရ၊ အထူးသဖြင့် အာဖရိကန်နိုင်ငံသားလို့ ထင်ရတဲ့သူတွေကပိုများ၊ အာရှသားရုပ်ပေါက်တဲ့သူတချို့ လည်းပါရဲ့။
ညနေ ၆နာရီခွဲ၊ ဆိုဖီယာ ရောက်ဖို့ကောင်းပြီ၊ ခက်တာက မနက်ကမှ တွေ့လိုက်တဲ့ ဆိုဖီယာ့ရုပ်ကို မမှတ်မိတော့တာ…။
+++++
ဆိုဖီယာ့ကိုစောင့်ရင်း ခေါင်းက ပိုပိုပြီးကိုက်လာတာနဲ့ ရှေ့ကစတိုးဆိုင်ထဲကို စီးကရက်တစ်ဗူးလောက် ဝယ်သောက်ဖို့ဝင်ခဲ့၊ တစ်ခါမှမမြင်ဖူးတဲ့ “W” နဲ့စတဲ့ စီးကရက်တံဆိပ်အသစ်တစ်ဗူးနဲ့ ဂက်(စ)မီးခြစ်တစ်လုံးဝယ်လာပြီး၊ ဘူတာနဲ့မနီးမဝေးမှာ စီးကရက်သောက်ရင်း ရပ်စောင့်နေမိ၊
ခပ်ဝေးဝေးမှာ Eiffel Tower ကြီး….ခုတော့ အရှင်လတ်လတ်မြင်ဖူးပြီ။ တစ်ခါက တစ်စုံတစ်ယောက်နဲ့ ပါရီကိုအတူလာဖို့ အိပ်မက်မက်ခဲ့ဖူးတာ သတိပြန်ရ….။ ဘယ်သူများပါလိမ့်….။
စီးကရက်မီးခိုးတွေကို နှာခေါင်းနဲ့အပြည့်ရှိုက်သွင်းလိုက်တယ်။ ပိုးတုံးလုံးလေး ထွက်သွားအောင်လေ…။
နေစမ်းပါအုန်း…ဆိုဖီယာလည်း စီးကရက်သောက်တယ်မဟုတ်လား၊ တကယ်တော့ သူစီးကရက်သောက်တတ်တာ မဟုတ်ပါဘူး၊ မီးခိုးတွေ တဖွါးဖွါးထွက်လာအောင်ပဲ ဖွါတတ်တာ၊ ဆိုဖီယာဆိုတာ ကိုယ့်အရင်းနှီးဆုံး မိန်းကလေးမိတ်ဆွေပဲ၊ သူက ဆေးလိပ်သောက်တယ် အရက်သောက်တယ် ရင်သားမပေါ့်တပေါ်တီရှပ် နဲ့ ဘောင်းဘီတိုတို ဝတ်တတ်တယ်။ မင်းသမီး ဆိုဖီယာလောရင့်လိုမျိုး…..ညှို့အားအပြည့်နဲ့ ဆိုဖီယာပေါ့၊ ခုတော့ တဖြည်းဖြည်း အမှတ်ရလာပြီ။
ပိုးတုံးလုံးလေး ခေါင်းထဲက ထွက်သွားအောင် မောင်းထုတ်ဖို့ စီးကရက်မီးခိုးတွေကို နှာခေါင်းနဲ့အပြည့် ရှိုက်သွင်းလိုက်ပြန်တယ်။
ကြည့်စမ်း…ဟိုးမှာ လာနေတာ ခရစ်(စ)ပဲ၊ ကုတ်အင်္ကျံနဲ့ ဂျင်းဘောင်းဘီနဲ့၊ မြွေပွေးတစ်ကောင်ရဲ့ မျက်လုံးလိုမျိုး အေးစက်အသိခက်တဲ့ အကြည့်တွေနဲ့၊ အနောက်မှာလွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ မုသားတွေတပုံတပင် ထည့်သယ်လာသလိုမျိုး ပွရောင်း လေးပင်၊
ဘာတဲ့ သူပြောခဲ့ဖူးတဲ့စကားတစ်ခွန်း၊ မှတ်မိပြီ။ မိန်းကလေးအသစ်တစ်ယောက်နဲ့ သူနဲ့ရှုပ်ထားတဲ့ ဇာတ်လမ်းအသစ်တစ်ခုပေါ်လာတိုင်း ပေါ်လာတိုင်း ကိုယ့်ကို သူပေးတတ်တဲ့ဆင်ခြေက အချစ်နဲ့ Sex က တခြားစီပဲ၊ ဘာမှမဆိုင်ဘူး ဆိုလား၊ မှတ်မိပြီ။
နေ့ခင်းက ငါတွေ့ခဲ့တဲ့ ခရစ်(စ)က သူပဲမဟုတ်လား၊ အချစ်ဆိုတာကို သူတကယ်ပဲ တွေ့ရှိခဲ့သလား၊ ဒါမှမဟုတ် Sex ကိုပဲ တွေ့ရှိခဲ့တာလား၊ သူပဲ အသိဆုံးဖြစ်မှာ၊ အမှန်တကယ် သူတစ်ချိန်လုံးရှာနေခဲ့တာက Sex ပဲလေ၊ အချစ်မှ မဟုတ်တာ၊ သူနဲ့ထိုက်တာပဲ သူရမှာပေါ့။
စီးကရက်မီးခိုးတွေကို နှာခေါင်းနဲ့အပြည့်ရှိုက်သွင်းလိုက်ပြီး ဦးဏှောက်ထဲရောက်နေတဲ့ ပိုးတုံးလုံးလေး ထွက်သွားအောင် မောင်းထုတ်မိပြန်တယ်။ မင်းထွက်သွားတော့….. ပိုးတုံးလုံးလေး….။
သေချာကြည့်မိမှ ခရစ်(စ)ဘေးမှာ တွဲလျှောက်လာတာက ဆိုဖီယာပဲ၊ သူတို့နှစ်ယောက်ကို Eiffel Tower နောက်ခံနဲ့ တွဲတွေ့လိုက်တော့မှ အားလုံးပြန်မှတ်မိလာခဲ့၊ ခရစ်(စ)ဟာ လူလိမ်ပဲ။ ပါရီကို ငါနဲ့အတူသွားချင်တယ်လို့ ပြောခဲ့ပြီး နောက်ဆုံးတော့ ဆိုဖီယာနဲ့သွားခဲ့တာပဲ။
စီးကရက်မီးခိုးတွေကို နှာခေါင်းနဲ့အပြည့်ရှိုက်သွင်းလိုက်တယ်၊ ပြီးတော့မှ ကိုယ့်ဆီတည့်တည့် လျှောက်လာနေတဲ့ နှစ်ယောက်လုံးကို မျက်နှာခြင်းဆိုင်လိုက်တယ်။
Can I have a cigarette, Mona? မျက်နှာပြောင်ပြောင်ပဲ ခရစ်(စ)က စီးကရက် တောင်းသောက်တယ်။
စီးကရက်မီးခိုးတွေကို သူ့မျက်နှာဆီမှုတ်ထုတ်ပစ်ရင်း ဒါဘာတံဆိပ်လည်း နင်သိလားလို့ မေးလိုက်တော့ ခရစ်(စ)က ရိသဲ့သဲ့အပြုံးနဲ့ အသံထွက်ဖတ်တယ်။
WARLBORO
ဘာအဓိပ္ပါယ်လဲ နင်သိလား လို့ ကိုယ်ကထပ်မေးတော့ သူခေါင်းခါတယ်။
ကိုယ်က တစ်လုံးချင်း ခပ်ဖြေးဖြေး ရွတ်ပြလိုက်တယ်။
Woman Always Remember Love Because Of Relationship Only
ပြီးတော့မှ တစ်လုံးချင်းထပ်ပြောလိုက်တယ်၊ ဒါ ငါတစ်ယောက်တည်း သောက်တဲ့ စီးကရက်၊
သူတို့နှစ်ယောက်စလုံးကို စီးကရက်မပေးတော့ပဲ လှည့်ထွက်လာခဲ့တယ်။
ကိုယ့်မှတ်ဉာဏ်တွေကို စားသုံးပစ်မယ့် အစိမ်းရောင်ပိုးတုံးလုံးလေးတစ်ကောင်ကိုတော့ ဦးဏှောက်ထဲ တရွေ့ရွေ့ဆက်လျှောက်ခွင့်ပေးထားလိုက်တယ်…။ အားလုံးမေ့ပစ်လို့ရတဲ့ တစ်နေ့ ရောက်ရင် ပြီးပြီလေ…။
ဒီတစ်ခါတော့ ကိုယ့်ရှေ့ရောက်နေတဲ့ Eiffel Tower ကြီးကို လက်ဖဝါးပေါ်တင်ပြီး ပိုင်ပိုင်နိုင်နိုင် ဓါတ်ပုံရိုက်ပစ်လိုက်နိုင်ပြီ….။
အဲဒီညက ကိုယ်တစ်ယောက်တည်းသောက်တဲ့ WARLBORO တစ်လိပ်နဲ့….ပါရီညထဲ တိုးဝင်ခဲ့။
++++++

Comments
Post a Comment