ကိုလေးရေ…..(၂)
မြတ်
(ဇလုံတောင်သွားတောလား)
မြို့ကလေးကသာ မြိုင်မဆန်တော့ပေမယ့် ဗန်းမောက်မြို့သူမြို့သား မိတ်ဆွေဟောင်း တွေကတော့ အရင်ကလို ဖေါ်ရွေဧည့်ဝတ်ကြေကြတုန်း ကိုလေးရေ၊ မိုးနည်းနည်းရွာလိုက်တာနဲ့ စိမ့်လာတဲ့အအေးဓါတ်ကလည်း အရင်အတိုင်းပါပဲ။
အရင်တုန်းက ညနေ၆နာရီကနေ ၉နာရီထိ တစ်နေ့သုံးနာရီပဲ မီးပေးတဲ့ မြို့ကလေးမှာ ဖျော်ဖြေရေးဆိုလို့ ညဖက် ဗီဒီယိုရုံမှာ ဇာတ်ကားတွေသွားကြည့်ရတာပဲရှိတယ်။ ခုတော့ တည်းတဲ့အိမ်မှာပဲ Myanmar Idol ညလုံးပေါက်ကြည့်လို့ရပြီ။
မိုးရွာထားလို့ မြေသားလမ်းပျက်ပြီး လမ်းချော်မှာစိုးတဲ့အတွက် နေအတော်မြင့်မှ ဇလုံတောင်ခရီးစခဲ့ကြတယ်။ Four Wheels Drive ကားနောက်ခန်းမှာ မတ်တပ်ရပ်ပြီး စတီးလက်ကိုင်တန်းတွေကိုင်ပြီး စီးကြရတော့ ကိုလေးနဲ့အတူ ကုန်ကားကြီး အမိုးကိုင်းတန်းတွေကိုင်စီးခဲ့ကြတာ အမှတ်ရတယ်။
ဗန်းမောက်မြို့မြောက်ဘက်မှာရှိတဲ့ ဇလုံတောင်အထိ တောင်တက်ခရီးကြမ်းက ၁၄မိုင်ရှိတယ်။ တောင်ခြေယာဉ်ရပ်နားစခန်းကိုအသွား လမ်းမှာကတည်းက လမ်းဘေးဝဲယာမှာ ပင်စည်ဖြောင့်ဖြောင့် မြင့်မြင့်မားမား အင်ကညင်ပင်ကြီးတွေကို စမြင်ရတော့ ပျော်သွားတယ်။
တစ်ခါမှမရောက်ဖူးပေမယ့် Facebook ပေါ်မှာ မကြာခဏဖတ်ရလို့ ဇလုံတောင်အကြောင်း တီးမိခေါက်မိတော့ရှိနေတယ်။ လူတွေဟာဘာလို့များ တောင်ထိပ်က ကျောက်တုံးကြီးတွေ ပေါ်ကို တကူးတကသွားချင်ရပါလိမ့်လို့ ကတ်သီးကတ်သတ်တွေးမိသေးတယ်။ ဒီခရီးစဉ်ကတော့ အမေအာသီသပြင်းပြနေတဲ့ ခရီးစဉ်လည်းဖြစ်၊ ကိုလေးနဲ့သွားဖူးတဲ့ နေရာကို တစ်ခေါက်လောက်ပြန်ရောက်ဖူးချင်တာလည်းရှိဆိုတော့ မိသားစုဆွေမျိုးတွေနဲ့ စုံစုံညီညီလာဖြစ်ကြတယ်။
ဘုရား… ဘုရား… ကားထိပ်ဆုံးကနေပြီး ပထမဆုံးတွေ့လိုက်ရတဲ့တောင်အတက်လမ်းက ကညင်ပင်ကြီး တစ်ပင်စာမက မြင့်တယ်။ မတ်မတ်ကြီး၊ ဒီကားနဲ့တက်လို့မှရပါ့မလား၊ နောက်ပြန်လန်ကျရင်တော့ ဒုက္ခပါပဲ၊ နောက်ကလူတွေ တန်းတွေကို သေချာကိုင်ထား ကြနော်၊ ကားဆရာက ဟွန်းသံတတီတီပေးပြီး ဂီယာကြီးနဲ့ထိုးတက်တယ်။ တောင်ပေါ်ရောက်ကာမှ အင်း…တစ်တောင်တော့ကျော်သွားပြီ ဆိုပြီး သက်ပြင်းတစ်ချက် ချလိုက်ရတယ်။
အကွေ့တွေ အဆင်းတွေ အတက်တွေ အပြည့်နဲ့ တောင်တွေကြား၊ လမ်းဘေးဝဲယာက သစ်ပင်သစ်အုပ် ဖါးဖါးကြီးတွေကြားထဲကနေ တစ်ခါတစ်ခါ ဇလုံတောင်ဘုရားကို ဘွားကနဲ လှမ်းလှမ်းဖူးရတယ်။ ကြောက်လွန်းလို့ တစ်ခါမှမစီးရဲတဲ့ ရိုလာကိုစတာကို ခုကာမှစီးနေရသလိုပဲ ကားက ဝှီးကနဲ ဝှီးကနဲ…။
မတော်တဆများကားတစ်စီးလုံးချောက်ထဲပြုတ်ကျသွားရင်လို့စဉ်းစားမိတော့….အို တမိသားစုလုံးပါတာပဲလေ၊ ကိုလေးနဲ့တွေ့ရတာပေါ့လို့ တွေးလိုက်မိပြီး ပျော်သွားတယ်။ ဟေး….ဇလုံတောင် ရိုလာကိုစတာကွ…လို့ အကျယ်ကြီးထအော်ပစ်လိုက်တော့ အတူပါလာတဲ့ကလေးတွေပါပျော်ပြီး လိုက်အော်ကြတယ်။
ဇလုံတောင်မရောက်ခင် ၂မိုင်လောက်အလို လမ်းခွဲမှာ ကျောက်မဏ္ဍပ်သို့ ဆိုတဲ့လမ်းခွဲကိုတွေ့ရတယ်။ ကားဆရာက ကျောက်မဏ္ဍပ်ဖက်လမ်းခွဲကိုချိုးပြီး တောင်ပေါ်တက်တော့ ဇလုံတောင်မသွားသေးပဲ ဘာလို့ ဒီကိုပို့ရပါလိမ့် အချိန်ကုန်တော့မှာပဲလို့ တွေးမိသေးတယ်။
ကျောက်မဏ္ဍပ်တောင်ခြေမှာ ကားရပ်ပြီးတောင်ပေါ်တက်ကြတော့ တခြားဘုရားဖူးကားက ကိုယ့်လိုတွေးမိပုံရတဲ့ အဖိုးကြီးတစ်ယောက်က “ငါက ဇလုံတောင်ပဲသွားချင်တာ ဒီပေါ်တက်ဖို့လာတာမဟုတ်ဘူး” ဆိုပြီးဂျီကျတော့ အနားက တပည့်တွေက “လာပါဆရာကြီးရယ် ဒီတောင်ပေါ်ဘုရားကလည်း ဖူးရခဲပါတယ်” ဆိုပြီး မရရအောင်တွဲခေါ်သွားကြတယ်။
ခပ်မတ်မတ် ကျောက်မဏ္ဍပ်တောင်ပေါ်တက်ရတာ အတော်တော့မောသား၊ ဒူးတွေပါတုန်လာလို့ ကျောက်တုံးတစ်တုံးပေါ် အသာထိုင်နေရတယ်။ လှေကြီးတွေထပ်ပြီးမှောက်ထားတဲ့ ပုံသဏ္ဍန် ကျောက်ဖျာကြီးတွေနားမှာ သားသားကိုဓါတ်ပုံရိုက်ပေးပြီးမှ ဆန်းကြယ်တဲ့ ကျောက်ချပ်ကြီးတွေကြားထဲကို တိုးဝင်ကြည့်မိတယ်။
တစ်ဖက်မှာ ကညင်ပင်ကြီးမိုးထားလို့ အရိပ်ကျနေတဲ့ ကျောက်ဖျာကြီးက ကျယ်ကျယ်လွင့်လွင့်၊ ပင်လယ်ထဲမျောနေတဲ့ မဟာဇနက္ကမင်းသားကို မဏိမေခလာနတ်သမီးက ဆယ်မလာပြီး ချထားခဲ့တဲ့ ကျောက်ဖျာဆိုတာ ဒီလိုကျောက်ဖျာမျိုးပဲဖြစ်လိမ့်မယ်ထင်တယ်။
ဘယ်မှဆက်မသွားတော့ပဲ ဒီကျောက်ဖျာပေါ်မှာပဲ တစ်နေ့လောက် အိပ်နေခဲ့ချင်စိတ်ပေါက်မိတယ်။ ငြိမ်းအေးလိုက်တာ ကိုလေးရေ။ လူတွေဟာဘာကြောင့်များ တောင်ထိပ်က ကျောက်တုံးကြီးတွေပေါ်ကို တကူးတကသွားချင်ရပါလိမ့်ဆိုတာ ခုတော့ ညီမလေး သဘောပေါက်ပြီလေ။ ဒီလိုငြိမ်းအေးမှုမျိုးရဖို့ဆိုတာ ဒီလိုတကူးတကသွားမှ ရနိုင်တာကိုးနော်။
ဓါတ်ပုံရိုက်လို့ အပမ်းဖြေလို့မှ မဝသေးခင် နေမပူခင် ဇလုံတောင်ခရီးဆက်ကြရအောင် ဆိုလို့ ကျောက်မဏ္ဍပ်ကနေ လှမ်းမြင်နေရတဲ့ ဇလုံတောင်ဆီ သွားကြရပြန်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ဝ၀ကျော်မြင့်တဲ့ တောင်တန်းတွေပေါ်မှာရှိတဲ့ ကျောက်တောင်ကြီးကို ဇလုံမှောက်ထားတာနဲ့တူလို့ ဒေသခံတွေက ဇလုံတောင်လို့ ခေါ်ခဲ့ကြတယ်လို့ ဘုရားသမိုင်းထဲမှာ ဖတ်ရတယ်။ ငါးဆူမြောက် အရိမေတ္တယျဘုရားသခင် တရားဦးဟောမယ့်နေရာဖြစ်တယ်လို့လည်း ဘုရားသမိုင်းမှာရေးထားတယ်။
ခမည်းတော်တောင် မယ်တော်တောင်လို့ခေါ်တဲ့ ကျောက်တောင်ကြီးနှစ်လုံးကြားက တစ်ကိုယ်စာပဲသွားသာတဲ့ ကျောက်တံခါးကြီးကိုဖြတ်ပြီး တောင်ထိပ်ကိုတက်ရတာ အသည်းယားစရာကောင်းလိုက်တာ၊ တစ်ဖက်မှာ မြင်နေရတဲ့ ချောက်ကိုတောင် မကြည့်အားဘူး၊ တစ်ကိုယ်စာပဲဝင်လို့ရတဲ့ ကျောက်တောင်ကြီးတွေကြားမှာ ခင်းထားတဲ့ အုတ်လှေကားပေါ်ကပြုတ်ကျမသွားအောင် အတော်သတိထားနေရတယ်။
ဒီကြားထဲ ဆင်းလာတဲ့ ဘုရားဖူးတွေထဲက နည်းနည်းဝတဲ့အဒေါ်ကြီးတစ်ယောက် ကျောက်တုံးကြီးနှစ်တုံးကြားညပ်နေလို့ ဝိုင်းကူဆွဲထုတ်ပြီး တစ်ယောက်တစ်လက် တောင်ခြေရောက်အောင်ပြန်ပို့ပေးကြတာတွေ့ရတယ်။ ဆရာမောင်ရန်ပိုင့်စကား ငှားသုံးရရင်တော့ သိပ်လှတဲ့ “စိတ်ယဉ်ကျေးမှုပြတိုက်”ကလေးတစ်ခုပေါ့။
သားသားနဲ့ ဓါတ်ပုံရိုက်ရင်း သေချာကြည့်မိမှ ပူးတွဲနေတဲ့ ကျောက်တောင်ကြီးနှစ်လုံးနဲ့ ဘေးတစ်ဖက်တစ်ချက် တွဲနေတဲ့ ကျောက်တောင်ငယ်လေးတွေကို သတိထားမိတယ်။ ဘုရားသမိုင်းမှာ ဖတ်ကြည့်မိတော့ တောင်တွေကို ခမည်းတော်တောင်၊ မယ်တော်တောင်၊ သားတော်တောင်၊ သမီးတော်တောင်လို့ နာမည်ပေးထားမှန်း သိရတယ်။
ဇလုံတောင်ဆိုတာ တကယ်တော့ မိသားစုတစ်စုနဲ့ဖွဲ့ထားတဲ့ ကျောက်တောင်စုကြီး တစ်ခုပါလား ကိုလေးရေ။ လွန်ခဲ့တဲ့ နှစ်၄၀လောက်က သမီးတော်တောင် ပဲ့ကျသွားတုန်းက ဗန်းမောက်တစ်မြို့လုံး သိမ့်သိမ့်တုန်မြည်ဟည်းသွားခဲ့တယ် လို့ဖတ်ရတယ်။
ကိုလေးကတော့ လွန်ခဲ့တဲ့ နှစ်၂၀ကျော်လောက်ကမှ တို့မိသားစုထဲက ပဲ့ကျသွားခဲ့တဲ့ ကျောက်တောင်ငယ်လေး တစ်လုံးပေါ့။ ညီမလေးတို့ တမိသားစုလုံး ရင်ထဲလည်း ကိုလေးကိုဆုံးရှုံးရတုန်းက သိမ့်သိမ့်တုန်အောင် မြည်ဟည်းခဲ့တာပါပဲ ကိုလေးရေ။
သားသားကိုယ်ဝန်ကြီးနဲ့တုန်းက တစ်ခါမှမမက်ဖူးပဲကိုလေးကို အိပ်မက်မက်တယ်။ ကိုလေးက မျက်နှာညှိုးညှိုးငယ်ငယ်နဲ့ ငါ့မှာ အင်္ကျံဝတ်စရာမရှိဘူး လို့လာပြောတော့ ကိုလေးရယ် ညီမလေးဝယ်ပေးမှာပေါ့ လို့ပြောလိုက်ပြီး တရေးနိုးလာခဲ့တယ်။
တစ်ခန်းကျော်က ထိုင်းအမျိုးသမီးမိတ်ဆွေ ဂျန်ဂျီယာကိုပြန်ပြောပြတော့ သူနေစရာမရှိလို့ ဖြစ်မယ်ဆိုပြီး ဘုရားကျောင်းဆောက်ဖို့ ကျောက်ချပ်တစ်ချပ် လှုလိုက်ဖို့ တိုက်တွန်းလို့ လှုခဲ့ဖူးတယ်။ အဲဒီနောက် တစ်ခါမှ ကိုလေးကို အိပ်မက်ထပ် မမက်တော့ဘူး။
အင်းတော်ဘူတာမှာတုန်းက သားသားကို အမှတ်တမဲ့ ညီမလေးမေးလိုက်တယ် ကိုလေး။ ဒီနေရာကို မေမေနဲ့သားသား တူတူလာဖူးတယ်၊ သားမှတ်မိလားဆိုတော့ ….ဖျတ်ကနဲ မျက်မှောင်ကုတ်ပြီး၊ ဒီမြို့ထဲက အိမ်တစ်အိမ်မှာ တည်းဖူးတာတော့ သားမှတ်မိတယ်တဲ့။
ကိုလေးရေ…ဘုရားသခင်ကို ကျေးဇူးတင်ဖို့ကောင်းလိုက်တာနော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တောင်ငယ်လေးတစ်တုံး ညီမလေးတို့ မိသားစုကို အစားပြန်ပေးခဲ့လို့ပေါ့။

Comments
Post a Comment